မပြည့်စုံခြင်း၏အရသာ
ကံကောင်းခြင်းသာ
ဝါကျတစ်ကြောင်းဆို
ငါမရေးတတ် ငါမဖတ်တတ်တာသေချာပြီ....
ဖြစ်သင့်တာတွေထက်
ဖြစ်တတ်တာတွေက
ကမောက်ကမနဲ့
ကြာတော့လည်း နေသားကျ
လှသထက်လှ လာတယ်
မရသေးတဲ့အခါ
တမ်းတရတာ အရသာ....
ဝေးသွားတဲ့အခါ
လွမ်းနေရတာ အရသာ....
မရောက်သေးတဲ့အခါ
စောင့်နေရတာ အရသာ....
ဒီတစ်ခေါက်ကြယ် ကြွေရင်လေ
လိုတာတွေမတောင်းတော့ဘူး
ငါချည်တိုင် အဟောင်းဘေးမှာ
ရှေးဟောင်းနှောင်းဖြစ်တွေ နဲ့
ရပြီးသားတွေပြန်တွေးရင်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်မယ်....
No comments:
Post a Comment