အချစ်သင်ပုန်းမကြေတဲ့ငါ
နင့်ကွယ်ရာမှာ
နင့်ကိုငါချစ်ကြောင်း
စကားလုံးပေါင်းထောင်သောင်းကို
မညောင်းမထစ်ပဲ
အော်ဟစ်ရဲတယ်....
နင့်ကွယ်ရာမှာ
ငါဘယ်လောက်လွမ်းကြောင်း
စာတမ်းပြုလို့
ပိဋကတ်သုံးပုံစာတောင်
အာဂုံဆောင် နိုင်တဲ့ကောင်စား....
ဒီနေ့...
နင့်ရှေ့ကငါ
ငါးလုံးစာဝါကျတစ်ကြောင်းစာကို
သင်ပုန်းမကြေတဲ့ကလေးလို
အလွဲလွဲအချော်ချော်နဲ့
အစီအငေါ်မတည့်သောငါ
နင့်စာစစ်ဋ္ဌာနမှာ
နင်ကိုယ်တိုင်မှင်နီတားလို့
ငါနှလုံးသားလည်း
အမှားတစ်ရာနဲ့ ဘာသာစုံကျ....
အိမ်ပြန်လမ်းမှာ
အရှုံးတွေထမ်းပိုးရင်း
အလွမ်းတွေငွေ့ရည်ဖွဲ့လို့
မိုးအဖြစ်ရွာ....
ဘယ်လိုငါအငြိုးနဲ့သည်းပေမယ့်....
နင့်ရင်ဘတ်နဲ့အနီးတဝိုက်မှာက
နေသာလို့ကောင်းတုန်း.....
No comments:
Post a Comment