မှား ကြွေ
ဒီအပင်အိုထက်
ရွက်သစ်တွေကြားက
မထင်မရှားပန်းတစ်ပွင့်
လန်းစွင့်လိုဝေ
နန်းမဆန် ရနံ့မမွှေးတဲ့
လမ်းဘေးကပန်း....
နမ်းသူကိုစွမ်းသလောက်မွှေးမယ်လို့
စိတ်ကူးကတွေး
ငေးရင်းနဲ့သူကိုမျှော်
ဒီအပင်အို ဒီအရိပ်အောက်
နင်ဖြတ်လျှောက်ချိန်တော့
ကြွေချိန်မရောက်လည်း
ကိုယ့်ကိုယ်ကိုပြန် ခြွေမယ့်
မိုက်ရူးတဲ့ပန်း.....
ဒီအပင်အို အောက်
နင်ပြန်ရောက်ချိန်မတော့
ငါ့ကိုယ်ငါ ခြွေ
နင့်ရှေ့မှာကြွေပေမယ့်
နင့်ခေါင်းမှာဝေနှင့်တဲ့
ဂုဏ်မြင့်တဲ့ပန်းခက်ကို
အမှတ်တမဲ့နဲ့
မမြင်ခဲ့တာမှား....
ကြွေပြီးသားငါ့ဘဝကို
နောင်တတော့ မရလိုဘူး
တစ်ခါရူးရင်တစ်သက်စာမို့
နင့်အတွက်မှ မဟုတ်ရင်လေ...
နောက်ထပ်လည်းငါ မပွင့်ချင်တော့......
No comments:
Post a Comment