Saturday, 7 July 2018

နင်​မသိတဲ့ နင့်​အ​ကြောင်း

နင်​မသိတဲ့ နင့်​အ​ကြောင်း 

နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါယစ်​မူးဖို့အတွက်​​တော့

လုံ​လောက်​တဲ့ Alcohol ဓာတ်​က

သပ်​ရပ်​စွာနဲ့

နင့်​ဆီမှာ​ပျော်​ဝင်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါရူးသွပ်​ဖို့အတွက်​​တော့

လုံ​လောက်​တဲ့ အချက်​အလက်​​တွေက

နေရာတကျနဲ့

နင့်​ဆီမှာတွယ်​ကပ်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါတွယ်​ငြိဖို့အတွက်​​တော့

ခိုင်​မာတဲ့ ကွန်​ယက်​က

ကျယ်​ပြန့်​စွာနဲ့

နင့်​ဆီမှာဖြန့်​ကျက်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါ့မာန​တွေခွာချဖို့အတွက်

သေချာတဲ့ အာဏာ က

တန်​ခိုးကြီးစွာနဲ့

နင့်​ဆီမှာ လင်းလက်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

အဲ့ဒါဟာ....

ငါ့အတွက်​ ​တော့ မဟုတ်​ဘူး.....

No comments:

Post a Comment

မှား​ကြွေ

မှား​ ​ကြွေ ဒီအပင်​အိုထက်​ ရွက်​သစ်​​တွေကြားက မထင်​မရှားပန်းတစ်​ပွင့်​ လန်းစွင့်​လို​ဝေ နန်းမဆန်​ ရနံ့မ​မွှေးတဲ့ လမ်း​ဘေးကပန်း.... နမ်း​...