အတ္တ ရဲ့ ဓာတ်စာ
ရုပ်ဝတ္ထုတွေအတွက်
သက်ရှိတွေ ရုန်းကန်ရတာက
ငါသိတဲ့ ဘဝ....
ပတ်ဝန်းကျင်က
ဘဝကိုတိုင်းတဲ့အခါ
အရိုင်း အယဉ် တွေခဏထား
ပကာသနတွေ မပါရင်
အောင်မှတ်မလိုချင်နဲ့
ကိုယ်တိုင် လိုတာထက်
ပိုလိုအပ်နေတာက
လူရာဝင်ဖို့....
လူတွေကြားမှာ
ခပ်ကြွားကြွားလေး...နေနိုင်ဖို့....
ကွယ်ရာမှာ ဘာနဲ့စားစား
ကိုယ်ခန္ဓာ အဟာရထက်
အတ္တကို ဓာတ်စာဖြည့်ရင်း
သူ့အတွက် ကိုယ့်အတွက်မသိတတ်ခြင်းမှာ
မငြီးငွေ့နိုင်တာကိုမှ
ပျော်စရာထင်တဲ့ လူတွေကြားမှာ....
ငါ တစ်ခုခုမှားနေပြီ.. ....
No comments:
Post a Comment