ဗေဒါဆုတောင်း
ရေမှာပွင့်တာချင်းအတူတူ
နင်က
လရောင်ဆမ်း
နှင်းရည်ဖြန်းမှ
နှုးညံ့စွာပွင့်လန်းမယ့်....ကြာ
ငါက
လှိုင်း နဲ့ ဝဲကြားမှာ
နေစရာမရေရာပဲ
မြုပ်တလှည့်ပေါ်တခါနဲ့
ပွင့်ရမယ့် ဗေဒါ....
နီးစပ်ဖို့မပြောနဲ့နီးကပ်ခွင့်ကိုမရှိ
ဒီတစ်ခါလှိုင်းထန်ရင်လေ
နင့်ရနံတွေ ထုံသင်းနေမယ့်
နင့်ကန်ဘောင်ခြေရင်းမှာ
သောင်တင်ချင်မိ..
ငါ ဗေဒါ
ရေမှာပျော်ပေမယ့်
ရေမရှိလို့ ညိုးကြွေမှာငါမကြောက်ဘူး
နင့်အနားသာရောက်မယ်ဆိုရင်လေ
ငါ့မြစ်ကြောင်းတစ်လျောက်မှာ
မုန်တိုင်းအခါခါထန်ပါစေ....
ငါက
လှိုင်း နဲ့ ဝဲကြားမှာ
နေစရာမရေရာပဲ
မြုပ်တလှည့်ပေါ်တခါနဲ့
ပွင့်ရမယ့် ဗေဒါ....
နီးစပ်ဖို့မပြောနဲ့နီးကပ်ခွင့်ကိုမရှိ
ဒီတစ်ခါလှိုင်းထန်ရင်လေ
နင့်ရနံတွေ ထုံသင်းနေမယ့်
နင့်ကန်ဘောင်ခြေရင်းမှာ
သောင်တင်ချင်မိ..
ငါ ဗေဒါ
ရေမှာပျော်ပေမယ့်
ရေမရှိလို့ ညိုးကြွေမှာငါမကြောက်ဘူး
နင့်အနားသာရောက်မယ်ဆိုရင်လေ
ငါ့မြစ်ကြောင်းတစ်လျောက်မှာ
မုန်တိုင်းအခါခါထန်ပါစေ....
ိ
No comments:
Post a Comment