Saturday, 7 July 2018

မှား​ကြွေ

မှား​ ​ကြွေ

ဒီအပင်​အိုထက်
ရွက်​သစ်​​တွေကြားက
မထင်​မရှားပန်းတစ်​ပွင့်
လန်းစွင့်​လို​ဝေ
နန်းမဆန်​ ရနံ့မ​မွှေးတဲ့
လမ်း​ဘေးကပန်း....

နမ်း​သူကိုစွမ်းသ​လောက်​​မွှေးမယ်​လို့
စိတ်​ကူးက​တွေး
ငေးရင်းနဲ့သူကို​မျှော်
ဒီအပင်​အို ဒီအရိပ်​​အောက်
နင်​ဖြတ်​​လျှောက်​ချိန်​​တော့
ကြွေချိန်​မ​ရောက်​လည်း
ကိုယ့်​ကိုယ်​ကိုပြန်​​ ​ခြွေမယ့်
မိုက်​ရူးတဲ့ပန်း.....

ဒီအပင်​အို ​အောက်
နင်​ပြန်​​ရောက်​ချိန်​မ​တော့
ငါ့ကိုယ်​ငါ ​ခြွေ
နင့်​​ရှေ့မှာ​ကြွေ​ပေမယ့်
နင့်​​ခေါင်းမှာ​ဝေနှင့်​တဲ့
ဂုဏ်​မြင့်​တဲ့ပန်းခက်​ကို
အမှတ်​တမဲ့နဲ့
မမြင်​ခဲ့တာမှား....
ကြွေပြီးသားငါ့ဘဝကို
နောင်​တ​တော့ မရလိုဘူး
တစ်​ခါရူးရင်​တစ်​သက်​စာမို့
နင့်​အတွက်​မှ မဟုတ်​ရင်​​လေ...
နောက်​ထပ်​လည်းငါ မပွင့်​ချင်​​တော့......

နင်​မသိတဲ့ နင့်​အ​ကြောင်း

နင်​မသိတဲ့ နင့်​အ​ကြောင်း 

နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါယစ်​မူးဖို့အတွက်​​တော့

လုံ​လောက်​တဲ့ Alcohol ဓာတ်​က

သပ်​ရပ်​စွာနဲ့

နင့်​ဆီမှာ​ပျော်​ဝင်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါရူးသွပ်​ဖို့အတွက်​​တော့

လုံ​လောက်​တဲ့ အချက်​အလက်​​တွေက

နေရာတကျနဲ့

နင့်​ဆီမှာတွယ်​ကပ်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါတွယ်​ငြိဖို့အတွက်​​တော့

ခိုင်​မာတဲ့ ကွန်​ယက်​က

ကျယ်​ပြန့်​စွာနဲ့

နင့်​ဆီမှာဖြန့်​ကျက်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

ငါ့မာန​တွေခွာချဖို့အတွက်

သေချာတဲ့ အာဏာ က

တန်​ခိုးကြီးစွာနဲ့

နင့်​ဆီမှာ လင်းလက်​​နေတယ်​....


နင်​ကမလှပါဘူး

ဒါ​ပေမယ့်​....

အဲ့ဒါဟာ....

ငါ့အတွက်​ ​တော့ မဟုတ်​ဘူး.....

Friday, 6 July 2018

အချစ်​သင်​ပုန်းမ​ကြေ

အချစ်​သင်​ပုန်းမ​ကြေတဲ့ငါ

နင့်​ကွယ်​ရာမှာ 

နင့်​ကိုငါချစ်​​ကြောင်း

စကားလုံး​ပေါင်း​ထောင်​​သောင်းကို

မ​ညောင်းမထစ်​ပဲ

အော်​ဟစ်​ရဲတယ်​....


နင့်​ကွယ်​ရာမှာ

ငါဘယ်​​လောက်​လွမ်း​ကြောင်း

စာတမ်းပြုလို့

ပိဋကတ်​သုံးပုံစာ​တောင်

အာဂုံ​ဆောင်​ နိုင်​တဲ့​ကောင်​စား....


ဒီ​နေ့...

နင့်​​ရှေ့ကငါ

ငါးလုံးစာဝါကျတစ်​​ကြောင်းစာကို

သင်​ပုန်းမ​ကြေတဲ့က​လေးလို

အလွဲလွဲအ​ချော်​​ချော်​နဲ့

အစီအ​ငေါ်မတည့်​​သောငါ

နင့်​စာစစ်​ဋ္ဌာနမှာ

နင်​ကိုယ်​တိုင်​မှင်​နီတားလို့

ငါနှလုံးသားလည်း

အမှားတစ်​ရာနဲ့ ဘာသာစုံကျ....


အိမ်​ပြန်​လမ်းမှာ

အရှုံး​တွေထမ်းပိုးရင်း

အလွမ်း​တွေ​ငွေ့ရည်​ဖွဲ့လို့

မိုးအဖြစ်​ရွာ....

ဘယ်​လိုငါအငြိုးနဲ့သည်း​ပေမယ့်​....

နင့်​ရင်​ဘတ်​နဲ့အနီးတဝိုက်​မှာက

နေသာလို့​ကောင်းတုန်း.....

အတ္တ ရဲ့ ဓာတ်​စာ

အတ္တ ရဲ့ ဓာတ်​စာ
ရုပ်​ဝတ္ထု​တွေအတွက်
သက်​ရှိ​တွေ ရုန်းကန်​ရတာက
ငါသိတဲ့ ဘဝ....
ပတ်​ဝန်းကျင်​က
ဘဝကိုတိုင်းတဲ့အခါ
အရိုင်း အယဉ်​ ​တွေခဏထား
ပကာသန​တွေ မပါရင်
အောင်​မှတ်​မလိုချင်​နဲ့
ကိုယ်​တိုင်​ လိုတာထက်
ပိုလိုအပ်​​နေတာက
လူရာဝင်​ဖို့....
လူ​တွေကြားမှာ
ခပ်​ကြွားကြွား​လေး...​နေနိုင်​ဖို့....
ကွယ်​ရာမှာ ဘာနဲ့စားစား
ကိုယ်​ခန္ဓာ အဟာရထက်
အတ္တကို ဓာတ်​စာဖြည့်​ရင်း
သူ့အတွက်​ ကိုယ့်​အတွက်​မသိတတ်​ခြင်းမှာ
မငြီး​ငွေ့နိုင်​တာကိုမှ 
ပျော်​စရာထင်​တဲ့ လူ​တွေကြားမှာ....
ငါ တစ်​ခုခုမှား​နေပြီ.. ....

မပြည့်​စုံခြင်း၏အရသာ

မပြည့်​စုံခြင်း၏အရသာ

ကံ​ကောင်းခြင်းသာ

 ဝါကျတစ်​​ကြောင်းဆို

ငါမ​ရေးတတ်​ ငါမဖတ်​တတ်​တာ​သေချာပြီ....

ဖြစ်​သင့်​တာ​တွေထက်

ဖြစ်​တတ်​တာ​တွေက

က​မောက်​ကမနဲ့

ကြာ​တော့လည်း ​နေသားကျ

လှသထက်​လှ လာတယ်

မရ​သေးတဲ့အခါ

တမ်းတရတာ အရသာ....

ဝေးသွားတဲ့အခါ

လွမ်း​နေရတာ အရသာ....

မ​ရောက်​​သေးတဲ့အခါ

စောင့်​​နေရတာ အရသာ....

ဒီတစ်​​ခေါက်​ကြယ်​ ​ကြွေရင်​​လေ

လိုတာ​တွေမ​တောင်း​တော့ဘူး

ငါချည်​တိုင်​ အ​ဟောင်း​ဘေးမှာ

ရှေး​ဟောင်း​နှောင်းဖြစ်​​တွေ နဲ့

ရပြီးသား​တွေပြန်​​တွေးရင်း

နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​လိုက်​မယ်​....






ဗေဒါဆု​တောင်း

ဗေဒါဆု​တောင်း

ရေမှာပွင့်​တာချင်းအတူတူ
နင်​က
လ​ရောင်​ဆမ်း
နှင်းရည်​ဖြန်းမှ
နှုးညံ့စွာပွင့်​လန်းမယ့်​....ကြာ
ငါက
လှိုင်း နဲ့ ဝဲကြားမှာ
နေစရာမ​ရေရာပဲ
မြုပ်​တလှည့်​​ပေါ်တခါနဲ့
ပွင့်​ရမယ့်​​ ​ဗေဒါ....
နီးစပ်​ဖို့မ​ပြောနဲ့နီးကပ်​ခွင့်​ကိုမရှိ
ဒီတစ်​ခါလှိုင်းထန်​ရင်​​လေ
နင့်​ရနံ​တွေ ထုံသင်း​နေမယ့်
နင့်​ကန်​​ဘောင်​​ခြေရင်းမှာ
သောင်​တင်​ချင်​မိ..
ငါ​ ​ဗေဒါ
ရေမှာ​ပျော်​​ပေမယ့်
ရေမရှိလို့ ညိုး​ကြွေမှာငါမ​ကြောက်​ဘူး
နင့်​အနားသာ​ရောက်​မယ်​ဆိုရင်​​လေ
ငါ့မြစ်​​ကြောင်းတစ်​​လျောက်​မှာ
မုန်​တိုင်းအခါခါထန်​ပါ​စေ....




ိ

မှား​ကြွေ

မှား​ ​ကြွေ ဒီအပင်​အိုထက်​ ရွက်​သစ်​​တွေကြားက မထင်​မရှားပန်းတစ်​ပွင့်​ လန်းစွင့်​လို​ဝေ နန်းမဆန်​ ရနံ့မ​မွှေးတဲ့ လမ်း​ဘေးကပန်း.... နမ်း​...